Online Readers:

ကျွန်တော်ဆိုဒ်မှလာလည်သူများကိုနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာအဆင်မပြေရင်minkoaung2030@gmail.comကိုမေးမြန်းနိုင်ပါတယ်
Free Spade Rainbow ani 1 Cursors at www.totallyfreecursors.com
Powered by Blogger.

ဒီ Blog ပိုင်ရှင်

My photo
ပြောစရာရှိရင် blackhacker2111@gmail.com သို့လှမ်းမေးနိုင်ပါသည်
 

Tuesday, June 5, 2012

ထက်ထက်မိုးဦးထက် ဆိုးတဲ့ ဂျက်စတင် ဘီဘာ

0 comments


လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဂျက်စတင်ဘီဘာနှင့် ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် ဘီဘာထံမှ ဖြေရှင်းချက်ကို စောင့်မျှော်နေကြောင်း သိရှိရသည်။ 911ကို ဖုန်းခေါ်တိုင်ကြားမှု တစ်ခုအရ ဘီဘာသည် ဓာတ်ပုံဆရာ တစ်ဦးကို ထိုးကြိတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည်။ ဘီဘာသည် မိမိ၏ မျက်နှာနှင့် ရင်ဘတ်တို့အား ထိုးကြိတ်ခဲ့ကြောင်း တိုင်ကြားသူက ဆိုသည်။ ဘီဘာသည် ထိုအချိန်တွင် ချစ်သူ ဆယ်လီနာ ဂိုမက်ဇ်နှင့်အတူ ရှိနေပြီး ထွက်ပေါ်နေသည့် သတင်းဓာတ်ပုံများအရ အလွန် စိတ်ဆိုးနေဟန် ရှိသည်ကို တွေ့ရသည်။ သို့သော် ဘီဘာသည် အဆိုပါ အခြေအနေ အားလုံးကို ရဲတပ်ဖွဲ့ထံ မည်သို့မျှ ဖြေရှင်းထားမှု မရှိသေးပေ။



(ဓာတ်ပုံဆရာအား ထိုးကြိတ်အပြီး တွေ့ရသည့် ဂျက်စတင်ဘီဘာ)

ကယ်လီဖိုးနီးယားတွင် ရုပ်ရှင်ရုံတစ်ခုမှ ပြန်ထွက်လာခိုက် ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ရန် အသည်းအသန် ကြိုးစားရာမှ ပြဿနာ စခဲ့ခြင်းဟု ရဲအရာရှိ ရောဘတ်ဝီရာ့ဒ်က ပြောကြားခဲ့သည်။ ဓာတ်ပုံဆရာသည် ဆေးရုံတွင် ကုသမှု ခံယူပြီး ပြန်ဆင်းသွားကြောင်း ရဲများက ဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဖြစ်စဉ် အသေးစိတ်ကို ဘီဘာကိုယ်တိုင် နှုတ်ထွက် ပြောဆိုလာခြင်းအား လိုလားလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ ဘီဘာနှင့် ဓာတ်ပုံဆရာတို့ ပြဿနာတက်နေပြီးနောက် ဘီဘာ၏ ကိုယ်ရံတော်များလည်း ရောက်လာကြောင်း သိရသည်။


(ထိုးကြိတ်ခံခဲ့ရသည့် ဓာတ်ပုံဆရာ)

ဆယ်ကျော်သက် တစ်ဦးမျှသာ ရှိသေးသော ကနေဒါ Popဂီတစတားသည် အောင်မြင်မှုဖိအားကို မခံနိုင်တော့သဖြင့် ဂီတလောကမှ ထွက်ခွာရန်ပင် စဉ်းစားမိကြောင်း ၀န်ခံခဲ့ဖူးသည်။ "ကျွန်တော့်အတွက် လက်ရှိ အနေအထားဟာ လုံလောက်ပြီလို့ ကျွန်တော် ခဏခဏ ရေရွတ်မိတယ်။ ဒါမျိုးတွေ ထပ်လည်း မကြုံချင်တော့ဘူး"ဟု ဘီဘာက ညည်းညူသွားသည်။

0 comments:

Post a Comment